မုံရွာ ဇွန် ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှ် ပဲကြော်လုပ်ငန်း လုပ်ကိုင်လျက်ရှိသော လုပ်ငန်းရှင်များ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးနှင့် တွေ့ကြုံရသည့် အခက်အခဲများအား စုပေါင်းဖြေရှင်းနိုင်ရေး ရည်ရွယ်လျက် မုံရွာခရိုင် ပဲကြော်လုပ်ငန်းရှင်များ အသင်းဖွဲ့စည်းခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီက မုံရွာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ မုံရွာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးတင့်ဇော်က ပဲကြော်လုပ်ငန်းရှင်များ အသင်းဖွဲ့စည်းနိုင်ရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန မုံရွာခရိုင် တာဝန်ခံ ဒေါ်မိုးသီတာလင်းက အသင်းဖွဲ့စည်းမည့် အစီအစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကြသည်။
ထို့နောက် တက်ရောက်လာကြသည့် လုပ်ငန်းရှင်များက အသင်းအဖွဲ့ ဖွဲ့စည်းခြင်း လုပ်ငန်းများနှင့်အညီ အဆိုပြု ရွေးချယ်ခဲ့ကြပြီးစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)