ဘောဂလိ ဇန်နဝါရီ ၂၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့ သည်တောင်ပေါ်ဒေသဖြစ်၍ လမ်းဘေးရှိ ကမ်းပါးယံများ ပြိုကျမှုမဖြစ်စေရန်အတွက် ကြိုတင်ကာကွယ်သည့်အနေဖြင့် မြေထိန်း နံရံ ပြုလုပ်ခြင်းလုပ်ငန်းများကို မြို့စည်ပင်သာယာရေးအဖွဲ့မှ ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
ထိုသို့ လုပ်ငန်းများဆောင်ရွက်ရာတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် မြို့စည်ပင် သာယာရေး ၏ ခွင့်ပြုရန်ပုံငွေဖြင့် ဘောဂလိမြို့ အမှတ်(၁)ရပ်ကွက် ဖူးဖိုးသောလမ်းဘေး ကျောက်စီမြေ ထိန်းနံရံ ပြုလုပ်ခြင်းလုပ်ငန်း စတင်အကောင်အထည်ဖော် ဆောင်ရွက် လျှက်ရှိကြောင်းပြီး မြေထိန်းနံရံများ ပြုလုပ်ခြင်းဖြင့် မိုးရာသီတွင် ဖြစ်ပွားတတ်သော ကမ်းပါးယံပြိုကျခြင်း၊ လမ်းပို့ဆို့ခြင်းများမှ ကြိုတင်ကာကွယ်နိုင် မည်ဖြစ်သည်။
အဆိုပါ မြေထိန်းနံရံပြုလုပ်ခြင်းသည် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေး ပြည့်မှီရေးအတွက် မြို့စည်ပင်သာယာရေးမှ အနီးကပ်ကြီးကြပ်ဆောင်ရွက် လျက်ရှိပြီး အရှည်(၁၅၀)ပေ၊ အမြင့် (၁၀)ပေ၊ ခွင့်ပြုရန်ပုံငွေ (၃၃.၁)သန်း ရှိကြောင်း သိရှိရသည်။
ဘောဂလိ(ပြန်/ဆက်)