သရက်မြို့၌ သဘာဝဘေးလျော့ပါးရေးနှင့် ရေချိုခြွေတာသုံးစွဲရေးအကြောင်း ဟောပြောပွဲပြုလုပ်

သရက် ဇွန် ၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့၌ သဘာဝဘေးလျော့ပါးရေးနှင့် ရေချိုခြွေတာသုံးစွဲရေးအကြောင်း အသိပညာပေးဟောပြောပွဲကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ကျောင်းသူများအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်သည့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက ရွှေသွေးခန်းမတွင် ကျင်းပပြုလုပ်သည်။

ဟောပြောပွဲတွင် သရက်ခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်သူဇာထွန်းက ရေဘေး၊ ငလျင်ဘေးဆိုင်ရာများကို အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်အိနန္ဒာအောင်က ရေချိုခြွေတာသုံးစွဲရေးအကြောင်းနှင့် စွန့်ပစ်အမှိုက်များကိုစနစ်တကျ စွန့်ပစ်ရေးအကြောင်း ဟောပြောခဲ့သည်။

ထို့နောက် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့မှ ကျောင်းသား၊ကျောင်းသူများအား သဘာဝဘေးအန္တရာယ်အကြောင်းနှင့် ရေချိုခြွေတာသုံးစွဲရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)