တောင်တွင်းကြီးမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစို​ပြည်ရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ ဂါလန် ၂၀၀ ဆံ မိုးရေခံကွန်ကရစ်ကန်ဖြန်ဝေခြင်းလုပ်ငန်း ဆောင်ရွက်

တောင်တွင်းကြီး ဇွန် ၁၂

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ဘဏ္ဍာနှစ်၊ ဂါလန် ၂၀၀ ဆံ မိုးရေခံကွန်ကရစ်ကန်ဖြန့်ဝေခြင်းကို ယမန်နေ့ နေ့လယ်က အင်းရွာကြီးကျေးရွာရှိ ဒေသခံပြည်သူများထံ မဲနှိုက်စနစ်ဖြင့်  လက်ဝယ်အရောက် ဖြန့်ဝေခဲ့သည်။

အဆိုပါ ဖြန့်ဝေခြင်းလုပ်ငန်းကို မကွေးခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်နိုင် ဦးဆောင်၍ မြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းဇော်နှင့် ဝန်ထမ်းများက မိုးရာသီကာလ၌ အင်းရွာကြီးကျေးရွာမှ ဒေသခံပြည်သူများအတွက် သန့်ရှင်းသည့် သောက်သုံးရေဖူလုံစေရေးနှင့် မိုးရေစုဆောင်း အသုံးချသည့်အလေ့အကျင့်တိုးပွားစေရန်၊ အမှန်တကယ်ရေလုံလောက်မှုမရှိသည့် ကျေးရွာများတွင် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်၊ ရေသယံဇာတ လေလွင့်ဆုံးရှုံးမှုမဖြစ်စေဘဲ အကျိုးရှိစေရန်နှင့် မိုးရေစုဆောင်းခြင်းအသိပညာတိုးပွားလာစေရန်ရည်ရွယ်၍ ဂါလံ ၂၀၀ ဆံ့ကွန်ကရစ်ရေကန်များ ၅၀ လုံး ဖြန့်ဝေပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နောင်နောင်ဘ(ဗိဿနိုးမြေ)