သဲကုန်း ဇွန် ၁၂
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ကျန်းမာရေးအဆင့်မြှင့်ကျောင်းလုပ်ငန်းများတွင် တစ်ခုအပါအဝင်ဖြစ်သော မျက်စိအမြင်အာရုံ စမ်းသပ်စစ်ဆေးမှုလုပ်ငန်းများကို ယနေ့နံနက် (၉) နာရီအချိန်က အခြေခံပညာမူလတန်းကျောင်း (တည်သီးပြင်) ၌ ဆောင်ရွက်ပေးခဲ့သည်။
ရှေးဦးစွာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်အေးသန္တာက ကျောင်းသား/ ကျောင်းသူများအနေဖြင့် ကျောင်းနေပျော်၍ စိတ်အေးချမ်းသာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်ပေးရခြင်းဖြစ်ပြီး Mobile ဖုန်းများ အလွန်အကျွံသုံးစွဲမှုများကြောင့် မျက်စိထိခိုက်ဒဏ်ရာရရှိမှုအခြေအနေများ၊ အမြင်အာရုံအားနည်းသူများအား လိုအပ်သော ကုသမှုနည်းလမ်းများ ဆောင်ရွက်ပေးမည့် အစီအစဥ်များအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက အခြေခံပညာမူလတန်းကျောင်း (တည်သီးပြင်) ကျောင်းသား/ ကျောင်းသူ (၁၃၇) ဦးအား မျက်စိအမြင်အာရုံ ချို့ယွင်းမှု ရှိ/ မရှိ၊ အဝေးကြည့်မှုန်ခြင်း ရှိ/ မရှိ၊ အနီးကြည့်မှုန်ခြင်း ရှိ/ မရှိများကို စစ်ဆေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုကျော် (သဲကုန်း)