ပွင့်ဖြူမြို့ အမှတ်(၄)အခြေခံပညာမူလတန်းကျောင်း၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြော

ပွင့်ဖြူ ဇွန် ၁၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းကျင်းပသည့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဆွေးနွေးဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက ပွင့်ဖြူမြို့ အရှေ့ပိုင်းရပ်ကွက်ရှိ အမှတ်(၄)အခြေခံပညာမူလတန်း‌ကျောင်း၌ ကျင်းပသည်။

အဆိုပါ အသိပညာပေးဆွေးနွေးဟောပြောပွဲတွင် ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထိန်လင်းက ကလေးအလုပ်သမားအဓိပ္ပါယ်၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေနှင့် ပြစ်မှုပြစ်ဒဏ်များ၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့် ကလေးအလုပ်သမားဆိုင်ရာအသိပညာများကို ဆွေးနွေးဟောပြောသည်။ 

ထို့နောက် ဆွေးနွေးပွဲသို့တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက ကလေးအလုပ်သမားပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးပြီး ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်သည့် နံရံကပ်စာစောင်များကို ခင်းကျင်းပြသရာ ကျောင်းသား/ကျောင်းသူများက အသိပညာတိုးပွားစေရေးလေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )