ကော့သောင်း ဇွန် ၁၁
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှချီးမြှင့်သော ၂၀၂၆ ခုနှစ်၊ အမျိုးသားအဆင့် သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်း အထက်တန်းနှင့် အလယ်တန်းအဆင့်(ပထမဆု)အား တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းခရိုင်၊ကော့သောင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ရရှိခဲ့ပြီး ဇွန် ၅ ရက်နေ့၌ နေပြည်တော်တွင် ကျင်းပသည့် နိုင်ငံတော်အဆင့်ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားတွင် ဆုချီးမြှင့်ပွဲတက်ရောက်ရာမှပြန်လည်ရောက်ရှိလာသော ကော့သောင်းမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးပြည့်ဟိန်းကျော်အား ယနေ့နံနက်ပိုင်းတွင် ဂုဏ်ပြုကြိုဆိုပွဲ ကျင်းပသည်။
ကော့သောင်းခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ခရိုင်နှင့်မြို့နယ်ပညာရေးမှူးများ၊ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များနှင့် ကျောင်းသားမိဘများ၊ ကျောင်းသားကျောင်းသူများက ဆုချီးမြှင့်ပွဲမှ ပြန်လည်ရောက်ရှိလာသော ကော့သောင်းမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးပြည့်ဟိန်းကျော်အား ကော့သောင်းလေဆိပ်တွင် နွေးထွေးပျူငှာစွာကြိုဆိုခဲ့ကြပြီး မြို့အတွင်းလှည့်လည်ဂုဏ်ပြုခဲ့ကြသည်။
ယင်းနောက် ကော့သောင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ မြတ်ရတနာခန်းမတွင် ဂုဏ်ပြုပွဲဆက်လက်ကျင်းပရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်တင့်က ဂုဏ်ပြုဝမ်းမြှောက်စကားပြောကြားသည်။ ဆက်လက်၍ ကျောင်းအုပ်ဆရာကြီးက ကော့သောင်းမြို့အထက(၁)ကျောင်းအား ၂၀၂၆ အမျိုးသားအဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်း အထက်တန်းနှင့်အလယ်တန်းအဆင့်သို့ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ပြင်ဆင်ဆောင်ရွက်ချက်များ၊ နိုင်ငံတော်အဆင့် တိုင်းဒေသကြီးအဆင့် ပထမဆုရရှိမှုအခြေအနေများပြောကြားပြီး ဆုရရှိအောင် ဝိုင်းဝန်းပါဝင်ကူညီဆောင်ရွက်ပေးကြသူများအား ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားခဲ့ပြီး ဧည့်ပရိသတ်များအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)