ခန္တီး ဇွန် ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခန္တီးမြို့နယ်ဦးစီးမှူးရုံးက နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)လမင်းစီမံချက် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်းလုပ်ငန်းကို ယနေ့နံနက်(၉)နာရီအချိန်မှစ၍ အခြေခံပညာအထက်တန်း ကျောင်းခွဲ(မြို့မ)၌ ဆောင်ရွက်ပေးလျက်ရှိရာ ခန္တီးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူး ဒုတိယရဲမှူးကြီးလှချိုက လိုက်လံကြည့်ရှုအားပေးခဲ့သည်။
အဆိုပါ အ.ထ.က(ခွဲ)မြို့မကျောင်းတွင် အသက်(၁၀)နှစ်ပြည့်ပြီးဖြစ်သည့် ကျောင်းသား/သူ (၃၃၀)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခန္တီးမြို့နယ်ဦးစီးမှူးရုံးက ဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်ကာလဖြစ်သည့် (၁၀-၇-၂၀၂၆)ရက်နေ့အထိ ခန္တီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ကမ်းကီး(ပြန်/ဆက်)