စစ်ကိုင်း ဇန်နဝါရီ ၂၀
စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ စီစဉ်မှုဖြင့် တဲကြီးမြို့မနည်းပညာပြန့်ပွားရေး စင်တာမှ တာဝန်ခံများနှင့် စိုက်ပညာရှင်ဝန်ထမ်းများသည် ဆင်မြေကျေးရွာ တောင်သူဦးမင်းမင်းစိုး၏ ဆောင်းမြေပဲ စိုက်ခင်း မြေပြုပြင်ချိန်တွင် သွင်းအားစုစနစ်တကျသုံးစွဲ၍ နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးရန်နှင့် ပြောင်းခင်း၊ ငရုတ်ခင်းများ ဓာတုလျော့ချသုံးစွဲရန်နှင့် ပိုးမွှားကျရောက်မှု ရှိ/ မရှိ တို့ကို ယမန်နေ့၊ မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေးကာ တောင်သူများအား နည်းပညာများ ဖြန့်ဝေပေး ခဲ့ကြောင်းသိရသည်။
တောင်သူများ ဆောင်းသီးနှံစိုက်ပျိုးရန် မြေပြုပြင်ချိန်တွင် Gypsum(ကျောက်မှုန့်) ထည့်သွင်းပြင် ဆင်ပေးရန်၊ မြေပဲဇွယ်ချချိန်တွင် (ကျောက်မှုန့်) မြေဩဇာ၊ ပန်းပွင့်ချိန်တွင် (ယူရီးယား+ လက်ချား) စနစ် တကျသုံးစွဲပေးရန်၊ ဓာတုပစ္စည်းများ လျော့ချ သုံးစွဲရန်အတွက် ဓာတုပစ္စည်း အန္တရာယ် အကြောင်း များကို ရှင်းလင်းဆွေးနွေး၍ သဘာဝပိုးပြေးဆေးနှင့် သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲကြရန် တဲကြီးမြို့မ နည်းပညာ ပြန့်ပွားရေးစင်တာမှ တာဝန်ရှိသူတစ်ဦးက ဆွေးနွေး ပြောကြားခဲ့သည်။
မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် သီးနှံစိုက်ပျိုးတောင်သူများအား စိုက်ပျိုးရေးအခက်အခဲ များရှိပါက မြို့နယ်အတွင်းရှိ သက်ဆိုင်ရာစိုက်ပျိုးရေးနည်းပညာပြန့်ပွားရေးစင်တာများနှင့် ချိတ်ဆက် ၍ ဆက်သွယ်မေးမြန်းနိုင်ကြောင်းလည်းသိရသည်။
ဇော်မြင့်နိုင်