စစ်ကိုင်း ဇွန် ၁၁
စစ်ကိုင်းခရိုင်အတွင်းရှိ တောင်သူများအား အိန္ဒိယနိုင်ငံအကူအညီဖြင့် Quick Impact Project(QIP)အစီအစဉ်ဖြင့် ဝါမျိုးစေ့နှင့် မတ်ပဲမျိုးစေ့များထောက်ပံ့ပေးအပ်ခြင်း အခမ်း အနားကို ယနေ့နံနက်ပိုင်းက ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပသည်။
ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မြတ်မိုးဝင်းက Quick Impact Project(QIP)အစီအစဉ်ဖြင့် ထောက်ပံ့ပေးအပ်မှုအစီအစဉ်များအား ရှင်းလင်း ဆွေးနွေးသည်။
ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချု်ပရေးကော်မတီအဖွဲ့ဝင်များသည် Quick Impact Project(QIP)အစီအစဉ်ဖြင့် ထောက်ပံ့ပေးအပ်သော ဝါမျိုးစေ့နှင့် မတ်ပဲမျိုးစေ့များအား စစ်ကိုင်းခရိုင်မှ စစ်ကိုင်းမြို့နယ်၊ မြင်းမူမြို့နယ်နှင့် မြောင်မြို့နယ်များသို့ လွှဲပြောင်း ပေးအပ်ပြီးနောက် တောင်သူများအား ဝါမျိုးစေ့နှင့် မတ်ပဲ မျိုးစေ့များ ထောက်ပံ့ပေးအပ် ခဲ့ကြောင်းသိရသည်။
နေလင်းအောင်(ပြန်/ဆက်)