ရေကြည် ဇန်နဝါရီ ၂၀
သဘာဝငါးသယံဇာတများကို ထိခိုက်စေနိုင်သော ဒေသရင်းမဟုတ်သည့် ငါးမျိုးများမွေးမြူခြင်းဆိုင်ရာ သတိပေးတားမြစ်ချက် အသိပညာပေးသည့် ဗီနိုင်းပိုစတာများကို ရေကြည်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးလွင်နှင့် ဝန်ထမ်းများက မြို့နယ်ငါးလုပ်ငန်း ရုံးဝန်းအတွင်းတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် စိုက်ထူခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး ဆိုင်းဘုတ်တွင် အာဖရိက ငါးခူ၊ ပြည်ပငါးရံ၊ ပြည်ပမျိုးစိတ် အလှမွေးငါး (ပီးကော့)၊ စုပ်ခွက်ငါး စသည့် ငါးမျိုးများကို သားဖောက်ထုတ်လုပ်ခြင်း၊ မွေးမြူခြင်း၊ ပြန့်ပွားစေခြင်း၊ သိုလှောင်ခြင်း၊ ရောင်းဝယ် ဖောက်ကားခြင်း များ မပြုလုပ်ကြရန် တားမြစ်ထားသည်။
အဆိုပါ အသိပညာပေး ဗီနိုင်းပိုစတာတွင် ဖော်ပြထားသည့် တားမြစ်ချက်များကို လုပ်ကိုင်နေကြောင်း စစ်ဆေးတွေ့ရှိပါက ငါးမွေးမြူရေးဆိုင်ရာ ဥပဒေအရ အရေးယူခြင်းခံရမည် ဖြစ်ကြောင်း သိရသည်။
အောင်သူဟန်(ပြန်/ဆက်)