ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစိန်ထွန်းလှ၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲ ကျင်းပမှုအား ကြည့်ရှုအားပေး

ဟားခါး ဇွန် ၁၁

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သည့် “အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့” အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲများကို ဟားခါးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ဗိုလ်တိုက်ချွန်းခန်းမ၌ ဇွန် ၁၁ ရက် နံနက် ၉ နာရီတွင်ကျင်းပရာ ချင်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးစိန်ထွန်းလှ၊ ချင်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မောင်မောင်အေး၊ ခရိုင်စီမံခန့်ခွဲရေးကော်မတီ၊ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးတို့က သွားရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အထက်တန်းအဆင့် ပန်းချီပြိုင်ပွဲကို “မူးယစ်ဆေးဝါးကင်းစင်သော လူငယ်ဘဝ၊လုံခြုံ တောက်ပသောအနာဂတ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲကို “နိုင်ငံ့အနာဂတ်လှပဖို့ မူးယစ်ဆေးကို အမြစ်ဖြတ်စို့”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မူလတန်းအဆင့် ပန်းချီပြိုင်ပွဲကို “မူးယစ်ကင်းစင် တို့ပြည်တစ်ခွင် သာယာလှပအနာဂတ်ဘဝ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အထက်တန်းအဆင့် ကာတွန်းပြိုင်ပွဲကို “မူးယစ်ဆေးဝါးကင်းစင်သော လူငယ်၊ တိုးတက်သောနိုင်ငံ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့် ကာတွန်းပြိုင်ပွဲကို “ဗလ ငါးတန် ခိုင်မြဲဖို့ မူးယစ်ဆေးကို တိုက်ဖျက်စို့”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မူလတန်းအဆင့် ကာတွန်းပြိုင်ပွဲကို “လွယ်လွယ်နဲ့ရ သုံးစွဲကြမူးယစ်သားကောင်ဖြစ်နေရ၊ဝိုင်းဝန်းကာကွယ်တားဆီးမှ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အထက်တန်းအဆင့် ပိုစတာပြိုင်ပွဲကို “လက်တွဲတိုက်ဖျက် မူးယစ်ဆေးဝါး၊ လုံခြုံ သာယာ လူ့ဘောင် ဖော်ဆောင်”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့် ပိုစတာ ပြိုင်ပွဲ ကို “အဆိုးကျော့ စက်ဝန်း အဆုံးသတ်ဖို့၊ အုပ်စုဖွဲ့မှုခင်း တိုက်ဖျက်စို့ ”ခေါင်းစဉ် ဖြင့်လည်းကောင်း၊ မူလတန်းအဆင့် ပိုစတာပြိုင်ပွဲကို “မူးယစ်ကင်းစင် တို့ဝန်းကျင် ပျော်ရွှင်ချမ်းမြ လုံခြုံလှ” ခေါင်းစဉ်ဖြင့်လည်းကောင်း ယှဉ်ပြိုင်ခဲ့ကြပြီး အထက်တန်းအဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲတွင် ပြိုင်ပွဲဝင်(၁၇)ဦး၊ အလယ်တန်းအဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲတွင် ပြိုင်ပွဲဝင် (၄၆) ဦး၊ မူလတန်းအဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲတွင် ပြိုင်ပွဲဝင် (၅၂) ဦး၊ စုစုပေါင်း (၁၁၅) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရှိရပါသည်။

ခရိုင်(ပြန်/ဆက်)