ညောင်လေးပင်မြို့တွင် ကိုဗစ်-၁၉အတည်ပြု လူနာသစ်နှစ်ဦး ထပ်တိုး

ညောင်လေးပင်  ဇန်နဝါရီ  ၂၀

ညောင်လေးပင်မြို့နယ်မှ အမျိုးသားဓာတ်ခွဲဌာနသို့ ပေးပို့စစ်ဆေးထားသည့် ဓါတ်ခွဲနမူနာများထဲမှ ယမန်နေ့ ညနေက နှစ်ဦးတွင် ပိုးတွေ့အတည်ပြုလူနာအဖြစ် တွေ့ရှိရကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ကိုဗစ်အတည်ပြုလူနာများမှာ သံတံတား‌ကျေးရွာအထက(ခွဲ) Quarantine Centre မှ အမျိုးသမီးတစ်ဦးနှင့် ညောင်လေးပင် မြို့သဒ္ဒမ္မရံသီရိပ်သာ Quarantine Centre မှ အမျိုးသမီးတစ်ဦးတို့ဖြစ်ကြသည်။

ကိုဗစ်ပိုးတွေ့ရှိသည့် သံတံတားကျေးရွာ အထက(ခွဲ)မှ အမျိုးသမီးအား ပြွန်တန်ဆာ မြို့တိုက်နယ်ဆေးရုံ၌ လည်ကောင်း သဒ္ဒမ္မရံ သီရိပ်သာမှ အမျိုးသမီးတစ်ဦးအား တိုင်းရင်းဆေးရုံ၌လည်းကောင်း ကျန်းမာရေးစောင့်ရှောက် ပေးလျက်ရှိကြောင်း နှင့် ပိုးတွေ့ရှိသူများနှင့် ထိတွေ့သူများကို NLP Volunteer အဖွဲ့နှင့် ရွှေဇာမြေ လူမှုကူညီရေး အသင်းတို့မှ စနစ်တကျ ပို့ဆောင်ကူညီပေးလျက်ရှိပြီး ညောင်လေးပင်မြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၄၁ ဦး ရှိလာပြီဖြစ်ကြောင်း သိရသည်။

သက်လွင်(ညောင်လေးပင်)