သာယာဝတီမြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲကျင်းပ

သာယာဝတီ ဇွန် ၁၁

သာယာဝတီမြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲ အခမ်းအနားကို ဇွန်လ ၉ ရက်နေ့နံနက်ပိုင်းက သာယာဝတီမြို့နယ် အ.ထ.က စံရွေး ငွေယမှုံဆောင်ခန်းမ၌ ပြုလုပ်ခဲ့သည်။

ဦးစွာ သာယာဝတီခရိုင်လူမှု၀န်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာမှ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့်ပတ်သက်သည့် အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ပြီး သာယာဝတီခရိုင်ဥပဒေရုံးမှ ခရိုင်ဥပဒေအရာရှိက ဥပဒေအသိပညာပြန့်ပွားရေးအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်သူဇာလှိုင်က မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှုအကြောင်းပြောကြားခဲ့ပြီး သာယာဝတီခရိုင်ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းမာက သဘာဝဘေးနှင့်ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် သာယာဝတီမြို့နယ် စံရွေး​ကျေးရွာ နယ်မြေရဲစခန်းမှ ရဲအုပ်ဦးသန့်ဇော်ထွေးက မှုခင်းဆိုင်ရာနှင့် ပတ်သက်သည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပြီး သာယာဝတီခရိုင် လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာက သာယာဝတီမြို့နယ် အ.ထ.က စံရွေးမှ ကျောင်းအုပ်ဆရာကြီးဦးအောင်အောင်သိန်းအား လက်ဆောင်ပစ္စည်းများပေးအပ်ချီးမြှင့်ခဲ့ကာ ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရပစ္စည်းများပေးအပ်ခဲ့ပြီး သာယာဝတီမြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲ အခမ်းအနားအောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)