သရက်မြို့၌ သဘာဝဘေးလျော့ပါးရေးအသိပညာပေး ဟောပြောပွဲ ပြုလုပ်

သရက် ဇွန် ၁၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့၌ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကို အနောက်ရပ် အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီက စာသင်ဆောင်ခန်းမတွင် ကျင်းပပြုလုပ်သည်။

ဟောပြောပွဲတွင် ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်စုလှိုင်မြင့်က အမှာစကားပြောကြားပေးခဲ့ပြီး သရက်ခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သူဇာထွန်းက ရေဘေး၊ ငလျင်ဘေးဆိုင်ရာများကို အသိပညာပေးဟောပြောဆွေးနွေးခဲ့သည်။

ထို့နောက် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား သဘာဝဘေးအန္တရာယ်အကြောင်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)