အောင်လံမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်

အောင်လံ ဇွန် ၁၁

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၌ အခြေခံပညာကျောင်းများ၌ မိုးတွင်းကာလတွင် ဖြစ်ပွားလေ့ရှိသော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက အောင်လံမြို့၊ အမက (ကုသိနာရုံ) ကျောင်း၌ ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် အောင်လံမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ သူနာပြုဆရာမကြီး ဒေါ်တင်တင်နိုင်က ဦးဆောင်ပြီး ကျန်းမာရေးဝန်ထမ်းများက အခြေခံပညာကျောင်းများအတွင်း မိုးတွင်းကာလ၌ ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် လူနေအိမ်များနှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်ပြီး ပညာသင်ကြားနိုင်ရန် ကျောင်းအခြေပြု သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဖြစ်သည့် ကျောင်းပတ်ဝန်းကျင်ရှိ ခြင်ခိုအောင်းနိုင်သောနေရာများကို သန့်ရှင်းရေးပြုလုပ်ပြီး ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ရေလှောင်ကန်များအတွင်း အဘိတ်ဆေးခတ်ခြင်းစသည့် အသိပညာပေးလုပ်ငန်းများကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)