ကြာအင်းဆိပ်ကြီးမြို့တွင် ကျောင်းသား၊ ကျောင်းသူများကို လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များဆောင်ရွက်

ကြာအင်းဆိပ်ကြီး ဇွန် ၁၁

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့တွင်ကျောင်းသား၊ ကျောင်းသူများကို “လမင်းစီမံချက်” ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များနှင့် UID ကတ်များ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်‌နေ့နံနက်ပိုင်း၌ အ.ထ.က(ခွဲ) ကြာအင်းဆိပ်ကြီးကျောင်းသို့ မြို့နယ်လဝကဦးစီးမှူး ဦးမျိုးဝင်းကြိုင်နှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးနေမှုအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းခိုင်ဝင်း၊ ခရိုင်လဝကဦးစီးမှူး ဦးမျိုးကျော်သူ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထိန်လင်းနှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးပြီး နိုင်ငံသားစိစစ်ရေးကတ်များနှင့် UID ကတ်များ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)