ဟင်္သာတတွင် မိုးသက်လေပြင်းတိုက်ခတ်ပြီး ညောင်ပင်လဲကျမှုကြောင့် လူနေအိမ်တစ်လုံးပျက်စီး

ဟင်္သာတ ဇွန် ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ဇွန် ၁၀ ရက်နေ့ညနေပိုင်းက ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဟင်္သာတမြို့နယ်၊ နတ်မော်ကျေးရွာအုပ်စု၊ ပြာကတတ်ကျေးရွာတွင် ညောင်ပင်လဲကျမှုကြောင့် လူနေအိမ်တစ်လုံး ရှေ့ခြမ်းပြိုကျပျက်စီးမှုဖြစ်ပွားခဲ့သည်။

အဆိုပါဖြစ်စဉ်ကြောင့် ဒေါ်အေးသီတာစိုး(၄၅)နှစ်၊ဈေးရောင်းလုပ်ကိုင်သူ၏ဝါးတိုင်(၃)ပင်အိမ်၊ သွပ်မိုး၊ ထရံကာ၊ပျဉ်ခင်း၊ အလျား(၁၀)ပေ၊ အနံ(၂၅ )ပေ၊ အမြင့်(၁၅) ပေရှိ နေအိမ်ပေါ်သို့ ၎င်း‌နေအိမ်‌‌ရှေ့ရှိ ဟင်္သာတ-နိဗ္ဗာန်သွား ကားလမ်းမဘေးရှိ အမြင့်ပေ (၄၀) ခန့်၊ လုံးပတ် (၁၅) ပေခန့်ရှိ ညောင်ပင်သည်  အမြစ်မှကျွတ်ကာ နေအိမ်‌ရှေ့တည့်တည့်သို့လဲကျခဲ့ရာ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုဦးစီးမှူး ဦးသွင်ကိုကိုအောင်နှင့် ရှာဖွေကယ်ဆယ်ရေး မီးသတ်ဖွဲ့ဝင်များ၊  ‌ကျေးရွာနေပြည်သူများက ဝိုင်းဝန်းခုတ်ထွင် ဖယ်ရှားရှင်းလင်းခဲ့ကြသည်။ ညောင်ပင်လဲကျမှုကြောင့် နေအိမ်ရှေ့ခြမ်း ပြိုကျပျက်စီးဆုံးရှုံးခဲ့သဖြင့် လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် ဘေးသင့်ပြည်သူ ကျား (၁) ဦး၊ မ (၁) ဦးတို့မှာ နီးစပ်ရာဆွေမျိုးများနေအိမ်တွင် ယာယီတည်းခိုနေထိုင်လျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)