ဘားအံ ဇွန် ၁၁
နိုင်ငံသားတိုင်းတရားဥပဒေစိုးမိုးမှုရရှိစေရေး၊ ဥပဒေအသိပညာရရှိစေရေးနှင့် ဥပဒေအကာအကွယ်ကို အညီအမျှ ရရှိစေရေးအတွက် ဥပဒေရေးရာဝန်ကြီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်နေသော ပြည်သူ့အတွက်ကြိုးပမ်းမှုလုပ်ငန်းစဉ်များတွင်ပါဝင်သည့် ရပ်ကွက်၊ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ် သင်တန်း(TOT)ဖွင့်ပွဲကို ဇွန်လ ၁၀ ရက်နေ့ နံနက် ၉ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဥပဒေချုပ် ဒေါ်နော်သန်းသန်းငြိမ်း တက်ရောက်အမှာစကားပြောကြားခဲ့သည်။
သင်တန်းတွင် ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ လောင်းကစားဥပဒေ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ စသည့်ဥပဒေဆိုင်ရာ ဘာသာရပ်များကို သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး အဆိုပါ သင်တန်းသို့ ဘားအံမြို့နယ်နှင့် ကမမောင်း(ဖာပွန်) မြို့နယ်တို့မှ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ၁၀၀ ဦးခန့်တက်ရောက်ခဲ့ကြကာ ဇွန်လ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)