ပုလေ ဇွန် ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့၊ အမှတ် (၂) ရပ်ကွက်၌ ရပ်ကွက်အုပ်ချုပ်ရေးမှူး ပြန်လည် ခန့်ထားနိုင်ရေး ကြီးကြပ်ရေးအဖွဲ့များ ရွေးချယ်ရေးကို ဇွန်လ ၁၀ ရက်နေ့ နံနက်ပိုင်းက ပုလောမြို့ အမှတ်(၂) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပုလောမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆိုင်းနော်နော် ဦးဆောင်သောအဖွဲ့သည် ၂၀၁၂ ခုနှစ်၊ ရပ်ကွက် သို့ ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဥပဒေအခန်း(၄) ပုဒ်မ (၆)အရ ရပ်ကွက် (သို့) ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် ကြီးကြပ်နိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စုအတွင်း နေထိုင်သူများက ရွေးချယ်ပေးသော ယင်းတာဝန်များကို ထမ်းဆောင်ရန် ဆန္ဒရှိသည် ရပ်မိရပ်ဖငါးဦးကို ရွေးချယ်ပေးနိုင်ရေး ဆွေးနွေးခဲ့သည်။
ဆက်လက်၍ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် ရပ်ကွက်နေအိမ်ထောင်စု ကိုယ်စားလှယ်များက ရွေးချယ်ပြီး ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေနှင့်အညီ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်တာဝန်ပေးအပ်နိုင်ရေး ကြီးကြပ်ရေးအဖွဲ့ တာဝန်များကို ထမ်းဆောင်ရန်ဆန္ဒပြုသည့် ရပ်မိရပ်ဖ (၅)ဦးကို ရွေးချယ်ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
ပုလော (ပြန်/ဆက်)