အောင်လံမြို့၌ ကျောင်းသား၊ကျောင်းသူများအား ရက်(၁၀၀)လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID နံပါတ် ထုတ်ပေးခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

အောင်လံ ဇွန် ၁၁

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်၌ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်အရ ကျောင်းသား၊ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းများကို ယနေ့ နံနက် ၉ နာရီအချိန်က အောင်လံမြို့၊ ရွာထောင်ရပ်ကွက်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်နေမှုအား အောင်လံခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်နှင့်အဖွဲ့ဝင်များ၊ အောင်လံမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှရွှေနှင့်အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဝင်းနိုင်နှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါ လုပ်ငန်းစဉ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အောင်လံမြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများက အ.ထ.က(၃)ရွာထောင်ရှိ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ အချိန်မီရရှိစေရေးနှင့် ဇီဝအချက်အလက် (Biometric Data) ကောက်ယူ၍ UID နံပါတ် ထုတ်ပေးခြင်းလုပ်ငန်းများကို စနစ်တကျ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)