ဆိပ်ဖြူ ဇွန် ၁၁
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မြို့နယ်အဆင့်ကျန်းမာရေးအဆင့်မြင့်ကျောင်း(HPS) ဆင့်ပွားသင်တန်းဖွင့်လှစ်ခြင်းကို ယနေ့ နံနက် ၉ နာရီက ဆိပ်ဖြူ(အ.ထ.က)ကျောင်းတွင် ပြုလုပ်သည်။
အဆိုပါသင်တန်းကို မြို့နယ်ပြည်သူ့ကျန်းမားရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးမှူးရုံးတို့ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာကျော်ထက်အောင်၊ မြို့နယ်ပညာရေးမှူး ဒေါ်နှင်းယုတို့က ကျန်းမာရေးအဆင့်မြင့်ကျောင်း (HPS)ဆင့်ပွားသင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပေးသည်။ ထို့နောက် မြို့နယ်ဒုတိယပညာရေးမှူး ဦးဆုအောင်က သင်တန်းဖွင့်လှစ်ပေးခြင်းအတွက် ကျေးဇူးတင်စကားများပြောကြားပေးပြီး တိုင်းဒေသကြီးသို့သင်တန်းတက်ရောက်ခဲ့ကြသည့် နည်းပြကျောင်းအုပ်ကြီးများနှင့် ကျန်းမာရေးဆရာမတို့က ကျန်းမာရေးအဆင့်မြင့်ကျောင်း(HPS)ဆင့်ပွားသင်တန်းမှ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများ၏ကျောင်းအခြေပြု ကျန်းမာရေးအသိပညာမြှင့်တင်မှု၊ ကျောင်းအခြေပြုရောဂါကာကွယ်ရေးနှင့် ကျောင်းတွင်းအာဟာရဖွံ့ဖြိုးရေးနှင့် အစားအစာများအန္တရာယ်ကင်းဝေရေးလုပ်ငန်းများကိုအစရှိသော ခေါင်းစဉ်များဖြင့် ရှင်းလင်းဆွေးနွေးဆောင်ရွက်ကြသည်။
အဆိုပါသင်တန်းကို နည်းပြဆရာ/ဆရာမ(၃)ဦးနှင့် မြို့နယ်အတွင်ရှိ အခြေခံပညာကျောင်းများမှ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊မူလတန်းကျောင်းက ကျောင်းအုပ် ဆရာ/ဆရာမ (၄၈) ဦးတက်ရောက်ပြီး သင်တန်းဆွေးနွေးပွဲကို (၂) ရက်ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
ကိုဇွဲ (အညာမြေ)