ချောက် ဇွန် ၁၁
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ကျေးရွာအုပ်စုများအလိုက် မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ယနေ့နံနက်ပိုင်းတွင် ဆက်လက်ထုတ်ချေးပေးလျက် ရှိသည်။
အဆိုပါ စိုက်ပျိုးစရိတ်ချေးငွေများကို မေလ၁၂ရက်နေ့မှစတင်ထုတ်ချေးပေးရာ စက်တင်ဘာလကုန်အထိ ထုတ်ချေးပေးသွားမည်ဖြစ်ပြီး နောက်ဆုံးသတ်မှတ်ရက်တွင် အရင်းနှင့်တကွကျသင့်သည့်အတိုးကို ပေးဆပ်ရမည်ဖြစ်သည်။
ချောက်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၁၀)စုမှ တောင်သူ(၁၁၂၇)ဦးအား ထုတ်ချေးပေးနိုင်ခဲ့ပြီး ကျန်ကျေးရွာအုပ်စုများမှ တောင်သူများကိုလည်း ဆက်လက်ထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်းသိရ သည်။
ကျော်မိုး(ပြန်/ဆက်)