ပင်လည်ဘူး ဇန်နဝါရီ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ် စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်း၍ ပွင့်လင်း ရာသီကာလ မီးဘေးကြိုတင်ကာကွယ်ရေး မီးငြိမ်းသတ်နည်း ဇတ်တိုက်လေ့ကျင့်သရုပ်ပြပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ် စည်ပင် သာယာစျေးတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပြုလုပ်ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသက်နောင်၊ အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းလှိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စံလင်း၊မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စီမံကိန်း ဦးစီးမှူး၊ မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြ၍ မီးသတ်တပ်ဖွဲ့ဝင် များက စည်ပင်သာယာစျေးတွင် မီးငြိမ်းသတ် ယာဉ်များဖြင့် ရေဖျန်းသရုပ်ပြခြင်း၊ မြို့နယ် မီးသတ်ဦးစီးမှူး ဦးမျိုးနေတိုးက မီးငြိမ်းသတ်ရာတွင် မီးသတ်ဆေးဗှူး ကိုင်တွယ်အသုံးပြုနည်း ရှင်းလင်း ဆွေးနွေးပြောကြားပြီး မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ် ကြုံတွေ့ပါက မီးသတ်ဆေးဘူးနှင့် ရေစိုဝတ်အသုံးပြု၍ လက်တွေ့မီးငြိမ်းသတ်နည်း ဇာတ်တိုက်လေ့ ကျင့်ခြင်းများ သရုပ်ပြကြရာ တက်ရောက်လာကြသူများမှ စိတ်ဝင်တစားလေ့လာကြည့်ရှုကာ လက်တွေ့မီးငြိမ်းသတ်နည်းတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အေးဝင်းခိုင် (ပြန်/ဆက် )