ဟုမ္မလင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ လက်ဖက်စိုက်မြေနမှုနာ ကောက်ယူခြင်း မှတ်တမ်းများ ဆောင်ရွက်

ဟုမ္မလင်း ဇန်နဝါရီ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ Good Agriculture Practices (GAP) စနစ် အကောင်အထည် ဖော်လျက် လက်ဖက်စိုက်ပျိုးထုတ်လုပ်ရေး ဆောင်ရွက်နိုင်ရန်၊ လက်ဖက် စိုက်ခင်းများတွင် Heavy metal ပါဝင်မှုစစ်ဆေးရန် ဇန်နဝါရီလ (၁၈) ရက်နေ့ နံနက်ပိုင်းက ဟုမ္မလင်းမြို့နယ်၊ မောင်းခမ်းကျေးရွာ၊ စံကပ်ကျေးရွာ၊ မာလာကျေးရွာ၊ ထိန်ကင်းကျေးရွာများသို့ ကွင်းဆင်း၍ လက်ဖက်စိုက်မြေနမှုနာများ ကောက်ယူခြင်း မှတ်တမ်းများ၊ ရယူ​ခြင်းများ ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာသို့ ဟုမ္မလင်းမြို့နယ် စိုက်ပျိုး ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စုစုထွေး နှင့်ဝန်ထမ်းများ၊  လက်ဖက်စိုက် တောင်သူများ ပူးပေါင်းကာ နယ်မြေကွင်းဆင်း စစ်ဆေး ကောက်ယူခဲ့ကြကြောင်းသိရသည်။

လင်းလင်း(ပြန်/ဆက်)