ကျိုက်လတ် ဇန်နဝါရီ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်းရှိ ဈေးများတွင် ကိုဗစ်-၁၉ရောဂါ ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေး အတွက် ယနေ့နံနက်ပိုင်း၌ တာဝန်ရှိသူများက ဆက်လက်ကွင်းဆင်း စစ်ဆေးလျက်ရှိသည်။
ထိုသို့ စစ်ဆေးရာတွင် ဈေးရောင်းသူ၊ ဈေးဝယ်သူများ ကျန်းမာရေးဦးစီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဈေးအတွင်းသို့ Mask များ စနစ်တကျ တပ်ဆင်ပြီး ဈေးရောင်းဈေးဝယ်ခြင်း ရှိ/မရှိ၊ ဆပ်ပြာရည်ဖြင့် လက်ကိုစင်ကြယ်အောင် ဆေးကြောပြီးမှ ဈေးအတွင်း ဝင်ရောက်၍ ဈေးရောင်းဈေးဝယ် ပြုလုပ်ခြင်း ရှိ/မရှိ၊ ဈေးဆိုင်များမှလည်း ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားမှု ရှိ/မရှိ တို့ကို စစ်ဆေးခဲ့ကြသည်။
ဆက်လက်၍ ပါးစပ်နှင့် နှာခေါင်းစည်း(Mask) တပ်ဆင်လာခြင်းမရှိသူများအား ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေး အတွက် ကျန်းမာရေးအသိပညာပေးခဲ့ကြပြီး Mask များကို အခမဲ့ဖြန့်ဝေတပ်ဆင်ပေးခဲ့ကြကြောင်း သိရသည်။
ရီရီမြင့်(ပြန်/ဆက်)