လေရှီးမြို့နယ်တွင် အစိုးရသစ်ရက် (၁၀၀) စီမံချက်ဖြင့် လေရှီး-ထမံသီလမ်းအပိုင်း ဦးစားပေးဆောင်ရွက်မည့်လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

လေရှီး မေ ၃၀

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်တွင် ဆောက်လုပ်ရေးဦးစီးဌာနအနေဖြင့် လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ‌ အဆင်ပြေချောမွေ့နိုင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း အစိုးရသစ်၏ရက်တစ်ရာစီမံချက်၊ တိုင်း‌ဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများအား ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ထမံသီ-လေရှီးလမ်းအပိုင်းမှ ဦးစားပေးဆောင်ရွက်ရမည့် ကျောက်တောင်လမ်းချဲ့ထွင်ခြင်းလုပ်ငန်းများ၊ လမ်းကြမ်း-လမ်းကွေ့ လမ်းချဲ့ထွင်ပြင်ဆင်ခြင်း လုပ်ငန်းများ၊ လမ်းသား Grade ချရမည့်နေရာများ၊ အဆင့်မြင့်တင်ရန် လိုအပ်သည့် သစ်သားတံတားများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာ ဒေါ်ဆန်းစစ်ရှီးလေရှီး၊ မြို့နယ်တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ်၊ လေရှီးမြို့နယ် ဦးစီးအရာရှိ ဦးကိုကိုတင့်နှင့်မိတ်ဖက်ဌာနများ၊ ဆောက်လုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ခြင်းများ ပြုလုပ်ခဲ့သည်။

အဆိုပါလုပ်ငန်းများသည် အစိုးရသစ်၏ရက် (၁၀၀) စီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့်အတူ‌‌ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)