ပခုက္ကူ ဇွန် ၈
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ (၃၂)ကြိမ်မြောက် သာသနာတော်ဆိုင်ရာအစိုးရနိကာယ်စာမေးပွဲများကို အမှတ်(၁၅)ရပ်ကွက်၊ မြို့မလမ်းရှိ သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပသည်။
အဆိုပါ အစိုးရနိကာယ်စာမေးပွဲကို မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်ကြီးနှင့် အဖွဲ့ဝင်ဆရာတော်ကြီးများ၏ ကြီးကြပ်မူဖြင့် ၂၀၂၆ခုနှစ်၊ ဇွန်လ ၅ ရက်မှ ၉ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ကြွရောက်ဖြေဆိုသူ သံဃာတော်၊ သီလရှင် စုစုပေါင်း(၁၀၁)ပါးရှိကြောင်း စာမေးပွဲကျင်းပနေစဉ်ကာလအတွင်း ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်အလှူရှင်များက ကြီးကြပ်ရေးဆရာတော်ကြီးများနှင့် စာဖြေသံဃာတော်၊ သီလရှင်များအား အာဟာရအားဖြည့်အချိုရည်နှင့် ရေသန့်ဘူးများဆက်ကပ်လှူဒါန်းပေးခဲ့လျက်ရှိကြောင်း ခရိုင်သာသနာရေးမှူး ဦးကျင်ရွှေထံက သိရသည်။
ဘာမီသာ(ပခုက္ကူ)