သာပေါင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ တောင်ယာကုန်း ကျေးရွာအရောက် ကျန်းမာရေးအသိပညာပေး ဟောပြော၊ အခမဲ့ဆေးကုသစောင့်ရှောက်‌ပေး

သာပေါင်း ဧပြီ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ လစဉ်ကျေးရွာများ အရောက် ကျန်းမာရေးအသိပညာပေးဟောပြော၊ အခမဲ့ဆေးကုသ စောင့်ရှောက်‌ပေးလျက်ရှိရာ ယမန်နေ့၊ နံနက် ၉ နာရီအချိန်စတင်၍ တောင်ယာကုန်း ကျေးရွာအုပ်စု၌ ဆောင်ရွက်ပေးခဲ့ကြသည်။

ထိုသို့ကျန်းမာရေးအသိပညာပေး ဆေးကုသစောင့်ရှောက်ခြင်းများကို မြို့နယ်တိုင်းရင်း ဆေးကုဌာန၊ တိုင်းရင်းဆေးမှူး‌ ဆရာမကြီးဒေါ်ခင်လေးမွန်က တိုင်းရင်းဆေးသမိုင်း ကြောင်းများနှင့် ရာသီဥတုအပြောင်းအလဲများတွင် ဖြစ်ပွားလေ့ရှိသောရောဂါများဖြစ်ပွားမှု သက်သက်ပျောက်ကင်းအောင်ဆောင်ရန်/ ရှောင်ရန်အချက်များ၊ ဆီးချိုရောဂါနှင့်သွေးတိုးရောဂါများအကြောင်း အကျယ်တဝင့် အသိပညာပေး ဟောပြောကာ ရှမ္မမြောင် ကျေးရွာအုပ်စု၊ တောင်ယာကုန်း ကျေးရွာနေပြည်သူ (၈၂)ဦးတို့ကို ရောဂါလက္ခဏာများ ကြည့်ရှုစစ်ဆေး နှစ်သိမ့်ဆွေးနွေးဆေးကုသစောင့်ရှောက်ခြင်းများကို ဆေးအကူဝန်ထမ်းနှင့်အတူ ကျန်းမာရေးစောင့် ရှောက်မှုပေးလျက်ရှိပြီး ကျန်ရှိကျေးရွာအုပ်စုများရှိ ပြည်သူများအား လစဉ်အသိပညာပေး၊ အခမဲ့ဆေးကုသ စောင့်ရှောက်မှုများပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 သာပေါင်း ပြန်/ဆက်