ပြင်စလူ ဇွန် ၇
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ ပြင်စလူမြို့(၂၅) ခုတင်ဆံ့တိုက်နယ်ဆေးရုံတွင်ဆိုလာစနစ် လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြင်စလူမြို့တိုက်နယ်ဆေးရုံတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် လပွတ္တာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလွင်ကိုဦး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မျိုးမြင့်၊ (၃)မိုင်မြို့ခုတင် ၂၀၀ ဆံ့ ဆေးရုံအုပ်ကြီး ဒေါက်တာသီတာအောင်နှင့်တာဝန်ရှိသူတို့က ဆိုလာစနစ်လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။ ဆက်လက်၍ ခရိုင်အုပ်ချုပ်ရေးမှူးမှ ဆိုလာစနစ်လျှပ်စစ်မီး လည်ပတ်ရန် မိန်းခလုတ်တင်ဖွင့်လှစ်ပေးခဲ့ပြီး ကမ္ဗည်းမော်ကွန်းတင်ဆိုင်းဘုတ်ကို တာဝန်ရှိသူများက အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းခဲ့သည်။ထို့နောက်ဆေးရုံရှိ ဆိုလာလျှပ်စစ်မီး ဖြင့် အသုံးပြုသော စက်ပစ္စည်းများအကြောင်း ပြင်စလူဆေးရုံ တာဝန်ခံဆရာဝန်မှ ရှင်းလင်းတင်ပြခဲ့ပြီး လှူဒါန်းပစ္စည်းများအား လွှဲပြောင်း/လက်ခံခြင်းကိုဆောင်ရွက်ခဲ့သည်။ ယင်းနောက် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိများမှ လူနာများနှင့်တက်ရောက်လာကြသည့် ပြည်သူများအား ကိုဗစ်ကာကွယ်ဆေး အပိုထပ်ဆောင်းထိုးနှံနေခြင်းကို လှည့်လည်ကြည့်ရှုခဲ့ ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)