ကျွန်းလှမြို့နယ်၌ စားသုံးဆီများကို ဈေးနှုန်းသက်သာစွာရောင်းချ

ကျွန်းလှ ဇွန် ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြိုနယ်တွင် ဇွန် ၆ ရက်နေ့နံနက် ၉ နာရီက မြို့ပေါ်ရပ်ကွက်များ၌ ဈေးနှုန်းသက်သာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါ စားသုံးဆီများကို မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက ဦးဆောင်၍ ဌာနဆိုင်ရာများ၊ ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် ပြင်ပတွင် စားသုံးဆီ တစ်ပိဿာလျှင် ငွေကျပ် ၁၅၀၀၀ ဈေးရှိချိန် တစ်ပိဿာ ငွေကျပ် ၉၀၀၀ ဖြင့် ဈေးနှုန်းသက်သာစွာ ရောင်းချပေးခဲ့သည်။

အဆိုပါ စားသုံးဆီရောင်းချခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဘုန်းမြင့်နိုင်နှင့်အဖွဲ့ဝင်များ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မျိုးဝင်းညို(ကျွန်းလှ)