မြင်းမူမြို့ပေါ်ရှိ စက်သုံးဆီဆိုင်များအား မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေး

စစ်ကိုင်း၊ ဇွန်လ ၇

မြို့နယ်မီးသတ်ဦးစီးဌာနမှ မြင်းမူမြို့ပေါ်ရှိ စက်သုံးဆီဆိုင်များအား ယမန်နေ့နံနက်ပိုင်းက မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခြင်းနှင့် လက်တွေ့မီးငြိမ်းသတ်နည်း သရုပ်ပြသခြင်းများကို ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြင်းမူမြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ကျော်ဦးနှင့် မီးသတ်တပ်ဖွဲ့ ဝင်များက မီးလောင်မှုမဖြစ်ပေါ်စေရေး၊ မီးလောင်မှုဖြစ်ပွားပါက မြန်မြန်သိ၍ မြန်မြန်ငြှိမ်းသတ် နိုင်ရေး ဆောင်ရွက်ထားရှိမှု၊ ထိရောက်လျှင်မြန်စွာ မီးငြှိမ်းသတ်ရေး စနစ်များ ထပ်မံဖြည့်တင်း တပ်ဆင်နိုင်ရေး၊ ဆက်သွယ်ရေးစနစ်များ ကောင်းမွန်စေရေး၊ လောင်စာသိုလှောင်ထားရှိမှု၊  ဝင်လမ်း ထွက်လမ်းများကောင်းမွန်စေရေး၊ အရေးပေါ်ရေလုံလောက်စွာရရှိစေရေး၊ မီးသတ်ဆေးဘူး အသုံးပြုတတ်စေရေး၊ 191 Report application အား တွင်တွင် ကျယ်ကျယ် အသုံးပြုတတ်စေရေး အသိညာပေးအကြံပြုဆွေးနွေးခဲ့ပြီး လက်တွေ့မီးငြှိမ်းသတ်နည်းများ သရုပ်ပြသခဲ့ကြောင်း သိရသည်။

နေလင်းအောင်(ပြန်/ဆက်)