စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး စစ်ကိုင်းမြို့ပေါ်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲ တက်ရောက်

မုံရွာ ဇွန် ၆

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးနှင့်အဖွဲ့ဝင်များသည် ဇွန် ၆ ရက် နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ စစ်ကိုင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ ဝန်ထမ်းများအတွက် အလျား- ၉၆ ပေ၊ အနံ - ၃၆ ပေ၊ RC ၄ ခန်းတွဲ ၃ ထပ်၊ ဝန်ထမ်းအိမ်ရာ တည်ဆောက်ရေးလုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ဘဏ္ဍာနှစ်တွင် အချိန်မီအရည်အသွေးကောင်းမွန်စွာဖြင့် တည်ဆောက်ပြီးစီးရေးတို့အားမှာကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့ပေါ်ရှိ “မဟာစေတီကြီး”စေတီတော် ပြန်လည်ပြုပြင်မွမ်းမံနေမှုအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် စစ်ကိုင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီရုံး အစည်းအဝေးခန်းမတွင် စစ်ကိုင်းမြို့ပေါ်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လုံခြုံတာဝန်များထမ်းဆောင်နေ ကြသည် စစ်ကိုင်းမြို့ပေါ်ရှိ တပ်ဖွဲ့ဝင်များအနေဖြင့် လုံခြုံရေးတာဝန်များအား အလေးထားကာ ဌာနများအချင်းချင်း ချိတ်ဆက်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မြို့ပေါ်ရှိ ရပ်ကွက်နေပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ လုံခြုံစိတ်ချစွာ လုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်ရေး၊ သွားလာနေထိုင်နိုင်ရေးအတွက် လုံခြုံရေးကိစ္စဆိုင်ရာလုပ်ငန်းများအား အလေးထားကာ တာဝန်ရှိသူများနှင့်အတူ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း လုံခြုံရေးအသိ၊သတိတို့ဖြင့် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်းနှင့် မိမိတို့်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် တွေ့ဆုံပွဲသို့ တက်ရောက်လာသူများမှ မိမိတို့ဆောင်ရွက်နေသည့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တွေ့ဆုံပွဲသို့ တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး၊ပြန်/ဆက်