ရွှေဘို ဇွန် ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ နေရပ်မပြန်သည့် ကျောင်းသား၊ ကျောင်းသူများအား ဆန်နှင့်ဆီများချီးမြှင့်ပေးအပ်ခြင်းကို ဇွန်(၆)ရက်တွင် ရွှေဘိုမြို့ သူနာပြုသင်တန်ကျောင်းရှိ သပြေညိုခန်းမ၌ ကျင်းပသည်။
ဦးစွာ ရွှေဘိုခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသောင်းတင်ထွေးက အမှာစကား ပြောကြားသည်။ ထို့နောက် သူနာပြုသင်တန်းကျောင်းရှိ နေရပ်မပြန်သည့် သင်တန်းသား၊ သင်တန်းသူများအား ဆန်နှင့်ဆီများချီးမြှင့်ပေးအပ်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ကေသွယ်မိုးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ဆက်လက်ပြီး ရွှေဘိုခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ရွှေဘိုတက္ကသိုလ်နှင့် နည်းပညာကောလိပ်များ၌ နေရပ်မပြန်သည့် ကျောင်းသား၊ ကျောင်းသူများအား ဆန်နှင့်ဆီများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)