ပန်းတနော်မြို့၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးဝယ်ယူရန် အလှူငွေပေးအပ် လှူဒါန်း

ပန်းတနော်   ဇန်နဝါရီ   ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် မြို့ကွက်သစ်ရပ်ကွက်၊ မြို့အဝင်လမ်းနေ ဦးဝင်းနိုင် + ဒေါ်ခင်ခင်စန်းတို့၏သား  ဒေါက်တာနန္ဒထင်ဇော် ( သစ်လွင် စက်ပစ္စည်းရောင်းဝယ်ရေးမိသားစု ) တို့မှ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ဝယ်ယူရန်အတွက် အလှူငွေ ငါးသိန်းကျပ်အား ယမန်နေ့ ညနေ ၅ နာရီက ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ အလှူငွေများကို ပန်းတနော်မြို့နယ်၊ တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ( ၁ ) ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာတင်မင်းထွဋ်မှ လက်ခံရယူခဲ့ပြီး ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးဝယ်ယူရန်အတွက် အလှူရှင်များမှ ပေးအပ်လှူဒါန်း မည့် အလှုငွေများကို လူမှုရေးအဖွဲ့အစည်းများနှင့်အတူ လက်ခံ၍  နိုင်ငံတော်အစိုးရထံသို့ ပေးအပ်လှူဒါန်း သွားမည် ဖြစ်ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပန်းတနော်)