မုံရွာမြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း တက်ရောက်နိုင်ရေး ဟောပြောပွဲ ကျင်းပ

 မုံရွာ၊ ဇွန် ၆

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့်အတူ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာနှင့် စက်မှု၊စိုက်ပျိုး၊မွေးမြူရေးအထက်တန်းကျောင်း တက်ရောက်နိုင်ရေး ဟောပြောပွဲကို ယမန်နေ့က မုံရွာမြို့ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း သလ္လာဝတီခန်းမ၌ ပြုလုပ်ခဲ့ည်။

 ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းဒေသကြီး စိုက်ပျိးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးဒေါက်တာဆန်းဝင်းက အမှာစကားပြောကြားသည်။

ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူး ဦးစိန်မောင်မြင့်၊ တိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဒေါက်တာဝင်းဗိုလ်၊ မုံရွာခရိုင်ပညာရေးဌာနမှ ခရိုင်ပညာရေးမှူး ဦးတင်ဝင်းနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဗိုလ်ဗိုလ်တို့က အခြေခံပညာနှင့် စက်မှု၊စိုက်ပျိုး၊မွေးမြူရေးအထက်တန်းကျောင်းတွင် သက်ဆိုင်ရာဘာသာရပ်များကို သင်ကြားတတ်မြောက်ပြီးရရှိလာမည့် အလုပ်အကိုင်အခွင့်အလမ်းများနှင့် အကျိုးကျေးဇူးများကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသည့် ကျောင်းသား မိဘများ၏ သိရှိလိုသည့် မေးမြန်းမှုများကို တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့ကာ ကျောင်းသားမိဘများအား ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)