နတ်မောက် ဇန်နဝါရီ ၂၀
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ နိုင်ငံတော်၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဝယ်ယူနိုင်ရေးအတွက် နတ်မောက်မြို့နယ် မြန်မာ့စီးပွားရေး ဘဏ်တွင် အလှူငွေများလှူ ဒါန်းနိုင်ကြောင်း သိရသည်။
ထိုသို့ လှူဒါန်းရာတွင် နတ်မောက်မြို့ မြန်မာ့စီးပွားရေးဘဏ်သို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှ အလှူငွေ( ၅၀၀၀၀ဝိ/-) ကျပ်၊ မြန်မာ့စီးပွားရေးဘဏ် ဝန်ထမ်းမိသားစုမှ အလှူငွေ (၄၁၀၀ဝိ/-) ကျပ်၊ ဦးကောင်းလေးနှင့် ဇနီးဒေါ်ရီရီမွန် မိသားစု (ရွှေနတ်မင်းစတီး၊ အလူမီနီယမ်လုပ်ငန်း) မှ အလှူငွေ ( ၅၀၀၀ဝိ/-) ကျပ် လှူဒါန်းခဲ့ရာ နေပြည်တော်ဘဏ်ခွဲရှိ ကိုဗစ်-၁၉ ကာကွယ်ရေးဆေးဝယ်ယူရရှိရေး ရန်ပုံငွေစာရင်း(OA-013733) သို့ပေးပို့လှူဒါန်းခဲ့ရာ နတ်မောက်မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မှ လှူဒါန်းငွေများကို ငွေလွှဲခဝန်ဆောင်မှု အခမဲ့ဖြင့် နေပြည်တော်ဘဏ်ခွဲသို့ ပေးပို့လှူဒါန်းခဲ့ကြောင်း မြန့်မာ့ စီးပွားရေးဘဏ် တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
လှဝင်း(နတ်မောက်)