လက်ပံတန်း ဇန်နဝါရီ ၂၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းစိုက်ပျိုးရေး သုတေသနခြံမှ စပါးမျိုး ယှဉ်ပြိုင်ကွက်များကို မင်းလမ်းကျေးရွာနှင့် သိုက်ဝါးချောင်းတို့ ကျေးရွာတို့တွင် စိုက်ပျိုးထား ရှိကြောင်း သိရသည်။
လက်ပံတန်း စိုက်ပျိုးရေးသုတေသနခြံမှ စပါးမျိုး ယှဉ်ပြိုင်ကွက်များဖြစ်သည့် ပြည်တော်ရင်၊ ရွှေရီတိုး၊ YQR-11၊ YQR-12 စပါးမျိုးများကို မင်းလမ်းကျေးရွာ တောင်သူ ဦးဝင်းအောင်၏ လယ်ကွက်တွင် ၁.၀၀ ဧက၊ သိုက်ဝါးချောင်း ကျေးရွာ တောင်သူ ဦးကျော်ထွန်း၏ လယ်ကွက်တွင် ၀.၅၀ ဧကကို စမ်းသပ်ယှဉ်ပြိုင် စိုက်ပျိုးထားကြောင်း သိရ သည်။
အဆိုပါ စပါးမျိုးများ စမ်းသပ်ယှဉ်ပြိုင် စိုက်ပျိုးထားရှိရခြင်းနှင့် ပတ်သတ်၍ ဒေသရှိ တောင်သူများ စပါးမျိုးသစ်များကို သိရှိပြီး ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်စေရန်၊ အရည်အသွေးကောင်း စပါးမျိုးများကို အသုံးပြုခြင်း အားဖြင့် အထွက်နှုန်းကောင်းမွန်ပြီး အကျိုးအမြတ် ပိုမိုရရှိစေရန် ရည်ရွယ်စိုက်ပျိုးထားခြင်း ဖြစ်ကြောင်း မြို့နယ်ခြံ မန်နေဂျာ လက်ထောက်ညွန်ကြားရေးမှူး ဒေါ်လေဘာတီတင်ထံမှ သိရသည်။
ဝင့်နန္ဒာဌေး