ထန်းတပင် ဇွန် ၅
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ ရပ်ကွက်အုပ်ချုပ်ရေးနှင့် အဖွဲ့ဝင်များ ပူးပေါင်းကာ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က အောင်ချမ်းသာရပ်ကွက်အတွင်းရှိ နေအိမ်များတွင် တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်လံစစ်ဆေးခဲ့သည်။
အသိပညာပေးလုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် ဝန်းထမ်းများက ပြည်သူများအနေဖြင့် လိုက်နာရန် အချက်များဖြစ်သည့် အိမ်တိုင်းတွင် တောင့်တင်းခိုင်မာသော မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံး၊ မီးသတ်ဆေးဗူး အသင့်ထားရှိရန် မီးဖိုအား မီးလောင်မလွယ်ကူသော သွပ်ပြား သံပြား အုတ်တို့ဖြင့် စနစ်တကျခင်း၍ အသုံးပြုရန် မီးဖိုအသုံးပြုတိုင်း လူစောင့်အမြဲထားရှိရန်နှင့် မီးကြွင်းမီးကျန်များကို စနစ်တကျ ငြိမ်းသတ်ရန် မီးဖိုအနီး လောင်စာဆီနှင့် လောင်စာပစ္စည်းများမထားရန် နေအိမ်ခြံဝန်းအတွင်း အမှိုက်များ ရှင်းလင်းထားရန် ဝါယာကြိုးများပျက်စီးနေသော လျှပ်စစ်ပစ္စည်းများကို အသစ်လဲလှယ်အသုံးပြုရန်စသည့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ ပစ္စည်းများကို မြို့နယ်မီးသတ်ဦးစီးဌာန ညွှန်ကြားချက်နှင့်အညီ တပ်ဆင်ထားရှိရေးတို့ကို အသိပညာပေးခြင်းနှင့် လိုက်လံစစ်ဆေးလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)