အင်္ဂပူမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲပြုလုပ်

အင်္ဂပူ ဇွန်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဝန်ကြီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနကကြီးမှူး၍ ၂၀၂၆ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက ကျောင်းကွင်းကျေးရွာအုပ်စုရှိ ဖားအောက်တောရဝန်းအတွင်း ပြုလုပ်ခဲ့သည်။

ဦးစွာပျိုးပင်များကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် တာဝန်ရှိများကပေးအပ်ရာ သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူခဲ့သည်။ ထို့နောက်မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်ဇော်ဦးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး‌ စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ‌ ဒေါ်သန္တာဌေးနှင့်အဖွဲ့ဝင်များ၊‌ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများ စုစုပေါင်း အင်အား (၁၅၀) ဦးခန့်မှ စုပေါင်း၍ ကျွန်း (၁၅၀) ပင်၊ ပျဉ်းကတိုး (၁၀၀) ပင်၊ မန်ဂျန်ရှား (၃၀၀) ပင်၊ ကံ့ကော် (၁၅၀) ပင်၊ မဟော်ဂနီ (၁၅၀) ပင်၊ ခရေ (၁၅၀) ပင်၊ ယူကလစ် (၂၅၀) ပင် စုစုပေါင်း (၁၂၅၀) ပင်အား စနစ်တကျစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။                

မန်းကျော် (ပြန်/ဆက်)