ကြံခင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန၌ “ လူဆိုတဲ့ လူ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ကြံခင်း ဇွန်

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာပေချစ်မြတ်နိုးသူများ (Book Club) အဖွဲ့နှင့် ပူးပေါင်း၍ ယမန်နေ့မွန်းလွဲပိုင်းက စာရေးဆရာ ဒေါက်တာရဲနိုင်ရေးသော လူဆိုတဲ့လူ” ဒုတိယအကြိမ်ထုတ်ဝေသော စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က စာဖတ်ဝိုင်းကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ (Book Club) အဖွဲ့ဝင် ဦးအောင်ဆန်းဝင်းက စာရေးဆရာ ဒေါက်တာရဲနိုင် ရေးသောလူဆိုတဲ့လူ” စာအုပ်ဖြင့် ဦးဆောင် ဆွေးနွေးခဲ့သည်။ ထို့နောက် (Book Club) အဖွဲ့ဝင်ဦးဇော်နိုင်က အခန်း(၆)ပါ ဉာဏ်ပညာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးခင်မောင်သန်းက အခန်း(၇)ပါ ဘောဂဗလ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးညီညီလွင်က အခန်း(၁၆)ပါ တာဝန်ကျေဖို့ ခေါင်းစဉ်တို့ဖြင့် (Book Club) အဖွဲ့ဝင်များက အသီးသီးဆွေးနွေးခဲ့ကြပြီး၊ မြန်မာနိုင်ငံစာရေးဆရာများအသင်းအဖွဲ့ဝင် ဆရာ မိုမြေသစ္စာက ဆွေးနွေးမှုများအပေါ် ခြုံငုံသုံးသပ်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)