မအူပင် ဇွန် ၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ ရက်(၁၀၀)စီမံချက် ဆိုင်ကယ်စီးဦးထုပ်အခမဲ့ဝေငှပေးခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းအား ယနေ့နံနက်(၈)နာရီ(၃၀)မိနစ်က မအူပင်မြို့ လူစည်းကားရာနေရာဖြစ်သည့် ရေလဲလမ်းနှင့် မြို့ရှောင်လမ်းထိပ်တွင် ဆောင်ရွက်သည်။
အဆိုပါ အခမဲ့ဖြန့်ဝေခြင်းအား ခရိုင်ရဲတပ်ဖွဲ့မှူးယာယီဒုတိယရဲမှူးကြီးဝင်းဇော်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဉီးကိုကိုဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးခင်မောင်ညွန့်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်အောင်၊ မြို့မရဲစခန်းမှူးဒုတိယရဲမှူးမင်းမြတ်စောဝင်း၊ အမှတ်(၁၃)ယာဉ်ထိန်းရဲ ဒုတိယတပ်ဖွဲ့ခွဲ(ဧရာဝတီ)၊ အမှတ်(၈၂)ယာဉ်ထိန်းရဲတပ်ဖွဲ့စု ဒုတိယရဲမှူးမိုးမြင့်ကို ဦးဆောင်မှူဖြင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှူဦးစီးဌာန စစ်ဆေးရေးမှူး-၂ ဦးချမ်းမြေ့စုံ၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန တာဝန်ရှိသူများမှ ဆိုင်ကယ်စီးဦးထုပ် အလုံး(၁၀၀)အား ပြည်သူများလက်ဝယ် အရောက်ဝေငှခဲ့ပြီး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်း၊ လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်မြင့်မြတ်(ပြန်ဆက်)