ကျောင်းကုန်းမြို့နယ် အဝေးပြေးကားလမ်းမကြီးဘေးရှိ ကျောင်းသား/သူများ ယာဉ်အန္တရာယ်ကင်းရှင်းရေးဆောင်ရွက်

ကျောင်းကုန်း ဇွန် ၅

ဧရာဝတီတိုင်ဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ လက်ပန်ချောင်အုပ်စု၊ အ.လ.က(ခွဲ)လက်ပန်ချောင်ကျောင်း၌ ယမန်နေ့နံနက်ပိုင်းက ကျောင်းသား/သူများ ယာဉ်အန္တရာယ်ကင်းရှင်းရေးဆောင်ရွက်ပေးခဲ့သည်။

လှည်းဆိပ်ရဲကင်းစခန်းမှူး ဒုရဲအုပ် မြင့်ဝင်းနှင့်အကြပ်တပ်သားများ၊ ကျောင်းသားမိဘများက ရန်ကုန်-ပုသိမ်ကားလမ်း၊ မိုင်တိုင်အမှတ် ၈၄/၁ နှင့်၈၄/၂ ကြား၌ လုံခြုံရေးနှင့်ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)