သရက်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ပညာပေးပိုစတာများ စိုက်ထူးခြင်းလုပ်ငန်းဆောင်ရွက်

သရက် ဇွန် ၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ကိုးပင်ကျေးရွာအုပ်စု၊ မုဉ္ဇလီကျေးရွာ၊ သရက်-ကိုးပင်-မုဉ္ဇလီကားလမ်းဘေး၌ ရက် (၁၀၀)စီမံချက်အရ စိုက်ပျိုးရေးပညာပေးပိုစတာများ စိုက်ထူခြင်းလုပ်ငန်းနှင့် တောင်သူများအား ရှင်းလင်းပညာပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

 အဆိုပါ ပညာပေးပိုစတာများစိုက်ထူခြင်းလုပ်ငန်းနှင့် တောင်သူများအား ရှင်းလင်းပညာပေးခြင်းကို မြို့နယ်ဦးစီးမှူး ဦးတင့်နေအောင်က ပိုစတာများ စိုက်ထူရသည့်အကြောင်းအရာများနှင့် ပိုစတာပါ သီးနှံအထွက်နှုန်း မထိခိုက်စေသည့် ဓာတ်မြေသြဇာလျော့ချသုံးစွဲနိုင်သော နည်းလမ်းများ၊ မျိုးစေ့ မမှန် ပင်မသန် ဖူးတံငုံကင်း အသီးဖျင်း စသည်တို့အပြင် မြေပဲ၊ နှမ်း၊နေကြာ၊ ဝါ သက်တမ်းအလိုက် ဆောင်ရွက်ရမည့် နည်းပညာများနှင့် ပိုးမွှားရောဂါဆိုင်ရာများကို ရှင်းလင်းပညာပေး ပြောကြားခဲ့သည်။ ထို့နောက် အခမ်းအနားသို့ သရက်ခရိုင် မြေအသုံးချရေးဌာနခွဲ၊ မျိုးစေ့ဌာနခွဲ၊ သီးနှံကာကွယ်ရေးဌာနခွဲတာဝန်ခံများနှင့် မြို့နယ်ဦးစီးမှူး၊ မြို့နယ်မှစိုက်ပျိုးပညာပေးရေး ဝန်ထမ်းများ၊ တောင်သူများ စုစုပေါင်း (၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)