သာပေါင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများနှင့် ပြည်သူများအား ရောဂါရှာဖွေ စမ်းသပ်ကာကွယ်ကုသပေးလျက်ရှိ

သာပေါင်း ဇွန် ၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ယနေ့ ဇွန်လ ၃ ရက်နေ့၊ နံနက် ၈ နာရီအချိန်က ဗုဒ္ဓဟူးနေ့တိုင်း အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများနှင့်ပြည်သူများအား ရောဂါရှာဖွေ စမ်းသပ်ကာကွယ်ကုသပေးလျက်ရှိသည်။

ထိုသို့ အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများနှင့်ပြည်သူများအား မကူးစက်နိုင်သော ရောဂါများ ဖြစ်သည့် သွေးတိုးရောဂါ၊ဆီးချို သွေးချိုရောဂါ၊ နှလုံးရောဂါရှာဖွေ စမ်းသပ်ကာကွယ်ကုသခြင်း လုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဌာန၊ သာပေါင်းမြို့နယ်ဆေးရုံ NCD Clinic တွင် လာရောက်ပြသကြ‌သော သွေးတိုးရောဂါ (၄၅)ဦး၊ ဆီးချို‌ရောဂါ(၃၂)ဦး၊ နှလုံးရောဂါ(၇)ဦးနှင့် ပန်းနာရင်ကြပ်‌/နာတာရှည် အဆုတ်လေပြွန်ရောဂါ(၅)ဦးနှင့် လေဖြန်း‌ရောဂါ(၁)ဦးတို့အား  ပြည်သူ့ ကျန်းမာ‌ရေးဌာနမှူးနှင့် လက်ထောက်ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစစ်ဆေးပေးခြင်း၊ လိုအပ်သောဆေးဝါးများအခမဲ့ပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သာပေါင်း ပြန်/ဆက်