မော်လိုက် ဇွန် ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့၌ ဒေသခံပြည်သူ များ၊ လူငယ်လူရွယ် များကျွမ်းကျင်းသောစက်ချုပ်တတ်သူများ ဖြစ်ထွန်းလာစေရန်၊ စက်ချုပ်လုပ်ငန်းဖြင့် အသက်မွေးဝမ်း ကျောင်းပြုနိုင်ရန်၊ တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေရရှိစေရန်စသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်သောအခြေခံစက်ချုပ်နည်းသင်တန်ဆင်းပွဲအခမ်းအနားကိုဇွန်လ ၃ရက်နေ့ ညနေ(၃)နာရီ အချိန်က ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် သင်တန်းသူများတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ သင်တန်းဆင်းပွဲအခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေထွန်းအောင်ကအဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများက သင်တန်းသူများကို သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ကြပြီး စုပေါင်းမှတ် တမ်းဓာတ်ပုံ များရိုက်ကူးခဲ့ကြသည်။
အဆိုပါ သင်တန်းကို (၅-၅-၂၀၂၆)ရက်နေ့မှ (၃-၆-၂၀၂၆)ရက်နေ့အထိ တစ်လအကြာ သင်ကြားပို့ချခဲ့ပြီး သင်ကြားသည့်ဘာသာရပ်များမှာ စက်ချုပ်သင်တန်းသုံးပစ္စည်းများ ကိုင်တွယ် အသုံး ပြုပုံနှင့် အခြေခံချုပ်ရိုးများချုပ်နည်း၊ အခြေခံစက်နင်းနည်း၊ ကိုယ်တိုင်းနည်း၊ Patternဆွဲ နည်း၊ ကလေးအင်္ကျီ/ရင်ဆက်/ခါးဆက်ဂါဝန်ချုပ်နည်း စသည့်ချုပ်လုပ်နည်း(၁၄)နည်းကို သင်တန်းသူ (၂၀)ဦး တို့ကို စာတွေ့(၃၀%) လက်တွေ့(၇၀%) သင်ကြားပို့ချပေးခဲ့ကြောင်းသိရသည်။
ကိုထက်(ပြန်/ဆက်)