ရွှေဘိုမြို့၌ ဥပဒေအရာရှိကျင့်ဝတ်ဆိုင်ရာတွေ့ဆုံမေးမြန်းခြင်း‌ဆောင်ရွက်

ရွှေဘို ဇွန် ၄

ဥပဒေရေးရာဝန်ကြီးဌာနသည် နိုင်ငံတော်အစိုးရ၏ မူဝါဒနှင့်အညီ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံသားတိုင်း ဥပဒေ၏အကာအကွယ်ကို တန်းတူညီမျှရရှိစေရေးအချက်များကို အလေးအနက် ဆောင်ရွက်လျက်ရှိရာ ဥပဒေအရာရှိကျင့်ဝတ်ဆိုင်ရာ တွေ့ဆုံမေးမြန်းခြင်းနှင့်ဆွေးနွေးခြင်း လုပ်ငန်းများကို ဇွန်လ (၃) ရက်နေ့တွင် ရွှေဘိုခရိုင်ဥပဒေရုံး၌  ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့တွေ့ဆုံမေးမြန်းရာတွင် ဥပဒေအရာရှိများသည် မိမိ၏လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် ဥပဒေအရာရှိ ကျင့်ဝတ်များကို လိုက်နာကျင့်သုံးမှု ပိုမိုအားကောင်းစေရန်၊ ဝန်ထမ်းများ၏ တာဝန်ယူမှု၊ တာဝန်ခံမှု တိုးတက်ကောင်းမွန်စေရန်နှင့် အများပြည်သူယုံကြည်အားကိုးမှု ပိုမိုရရှိစေရန်အတွက် ခရိုင်ဥပဒေအရာရှိမှ မိမိတို့ရုံးအတွင်းရှိ ဥပဒေအရာရှိများနှင့် ခရိုင်အတွင်းရှိ မြို့နယ်ဥပဒေအရာရှိများ၊ ဒုတိယမြို့နယ်ဥပဒေအရာရှိများအား ဥပဒေအရာရှိကျင့်ဝတ်ဆိုင်ရာ တွေ့ဆုံမေးမြန်းခြင်းနှင့် ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်ထွန်းခိုင်(ပြန်/ဆက်)