မော်လိုက် ဇွန် ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ စီစဉ်ကြီးကြပ် မှုဖြင့် ရက်(၁၀၀) စီမံချက်ကာလအတွင်း ကျန်းမာရေးအသိပညာမြှင့်တင်ရေးလုပ်ငန်းများ၊ သွေးလွန် တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဇွန်လ ၄ ရက်နေ့ နံနက် ၉ နာရီက အ.ထ.ကကျောင်း ၌ ခရိုင်စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးနေထွန်းအောင်နှင့်အဖွဲ့ဝင်များ၊မြို့နယ်စီမံခန့်ခွဲ ရေးနှင့်အုပ် ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဆန်းဦး နှင့်အဖွဲ့ဝင်များ၊ခရိုင်ဆရာဝန်ကြီး၊ကျန်းမာရေးဌာန ဝန်ထမ်းများ၊ ခရိုင်နှင့်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဝင်များ၊ ဆရာ/ဆရာမများပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် ခြင်ခိုအောင်းနိုင် သောနေရာများတွင် (ဖုံး၊ သွန်၊ လဲ၊ စစ်) ဆောင်ရွက်ခြင်း၊ရေတွင်း၊ ရေကန်များတွင် အဘိတ် (Abate)ဆေးခတ်ခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကိုဆောင်ရွက်ခဲ့ကြပြီး ခြင်ပေါက် ပွားမှု၊ ခြင်ခိုအောင်းမှုလျှော့နည်းစေရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး၊ ကျောင်းသား/ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ရေးတို့အတွက် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများက ဝိုင်းဝန်းကူညီဆောင်ရွက်ကြရန် တာဝန်ရှိသူများက အသိပညာပေး ပြောကြားခဲ့ကြောင်းသိရသည်။
ထို့နောက် ကျောင်းသား/ကျောင်းသူများ ပညာသင်ကြားနေမှုအား တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု အားပေးခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ကိုထက်(ပြန်/ဆက်)