အရာတော် ဇွန် ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်ပြည်သူ့ဆေးရုံ ဆာဆာကာဝါခန်းမတွင် တစ်မြို့နယ်လုံးရှိ အသက် (၂) လမှ (၁၀)နှစ်အတွင်း ကလေးများကို ပုံမှန်ကာကွယ်ဆေးတိုက်၊ ဆေးထိုးခြင်းလုပ်ငန်းများကို ဇွန်လ ၄ ရက် နံနက် ၇ နာရီ မှစတင်၍ ဆောင်ရွက်ပေးလျက်ရှိသည်။
ပုံမှန်ကာကွယ်ဆေးထိုးခြင်းဖြင့် ကလေးငယ်တို့ကို ပြင်းထန်တီဘီရောဂါ၊ ဆုံဆို့နာရောဂါ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ ပိုလီယိုအကြောသေရောဂါ၊ မေးခိုင်ရောဂါ၊ အသည်းရောင်အသားဝါ(ဘီ)ရောဂါ၊ ဦနှောက်အမြှေးရောင်ရောဂါ၊ ပြင်းထန်အဆုတ်ရောင်ရောဂါ၊၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ဂျပန်ဦနှောက်ရောင်ရောဂါ၊ ဝက်သက်ရောဂါ၊ ဂျိုက်သိုးရောဂါနှင့် သားအိမ် ခေါင်းကင်ဆာရောဂါတို့မှ ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။
မြိူ့နယ်(ပြန်/ဆက်)