မြောင်းမြ ဇွန် ၃
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကညင်ကွင်းကျေးရွာအုပ်စု၊ ဝါးရုံစု ကျေးရွာတွင် ၂၀၂၆-၂၀၂၇ခု၊ ဘဏ္ဍာရေးနှစ် ရက်(၁၀၀) စီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိသော ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား မြောင်းမြခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်သူကိုကို နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
အဆိုပါ ဝါးရုံစုကျေးရွာ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းသည် အရှည်၄၅၀ပေ အကျယ် ၈ ပေ ထု၆လက်မဖြစ်ပြီး စီမံကိန်းထောက်ပံ့ရန်ပုံငွေကျပ် (၁၅)သန်း၊ ပြည်သူထည့်ဝင်ငွေ ကျပ် (၁.၃)သန်း၊ စုစုပေါင်းငွေ ကျပ်(၁၆.၃)သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာယခုအခါ ၉၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်းသိရသည်။
ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပါက ဝါးရုံစုကျေးရွာရှိ အိမ်ခြေ (၁၄၂) အိမ်၊ အိမ်ထောင်စု(၁၄၅)စု၊ လူဦးရေ (၅၈၉)ဦး၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကိစ္စများဆောင်ရွက်ရာတွင် ရာသီမရွေးသွားလာနိုင်ပြီး လူမှုစီးပွားဘဝများ မြင့်မားတိုးတက် လာမည်ဖြစ်ပါသည်။
ခရိုင်ပြန်/ဆက်